Local News

ဧရာဝတီတိုင်းဒေသကြီး ၊ အိမ်မဲမြို့နယ်၌ ငရုတ်သီးစိမ်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး  အိမ်မဲမြို့နယ်၌  ဒေသထွက် ငရုတ်သီးစိမ်းများဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရှိရသည်။   အိမ်မဲ မြို့နယ်၌  ယခုနှစ် မေလနောက်ဆုံးပတ်မှ စတင်ပြီး  လက်ရှိအချိန်ထိ  ငရုတ်သီးစိမ်းများ အရောင်း အဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသတွင် ငရုတ်သီးစိမ်းများထွက်ပေါ်နေချိန်ဖြစ်သဖြင့် ဈေးကောင်းရရှိနေကြောင်း သိရသည်။
အိမ်မဲမြို့နယ်မှ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် ငရုတ်သီးစိမ်းများသည် အရည်အသွေးကောင်းမွန်ပြီး ပိုးမွှားရောဂါ ကင်းရှင်းကြောင်း၊ အဆိုပါဒေသထွက် ငရုတ်သီးစိမ်းများ အရောင်းအဝယ်ကောင်းလာသည့်အတွက် စိုက်ပျိုးသူများ၊ လုပ်သား များအဆင်ပြေလျက်ရှိသည့်အပြင် ဝယ်လိုအားနှင့်ရောင်းလိုအားမျှတမှုရှိလာသဖြင့် ဒေသဈေးကွက်အတွင်းသီးနှံဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေကာ ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေး ကို အထောက်အကူပြုစေမည်ဖြစ်ကြောင်းသိရသည်။   Source :  https://www.myawady.net.mm

 

Category: Local News